Moonshine And Valentine  2018








ဟိုးရှေးရှေးတုန်း အာကာသမှာကမ္ဘာကြီးနဲ့ ပတ်၀န်းကျင်ပုံစံတွေတူတဲ့ဂြိုလ်ကြီးတစ်လုံးရှိတယ်။အဲ့မှာနေတဲ့သူတွေကို ဂြိုလ်သားလို့ခေါ်တယ်။တစ်နေ့မှာ သူတို့ဂြိုလ်ပျက်စီးတော့မယ့်အချိန်ရောက်လာတော့ သူတို့တွေဟာအုပ်စုတွေခွဲပြီး တစ်ခြားဂြိုလ်တွေဆီထွက်ပြေးခဲ့ကြတယ်.....
တစ်ချို့က ကမ္ဘာကြီးဆီကိုရောက်လာခဲ့ကြတယ်

ကမ္ဘာကြီးဆီရောက်လာကြတဲ့သူတွေက မြေခွေးမျိုးနွယ်တွေဖြစ်ပြီး နောက်ပိုင်းမှာလူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခဲ့ကြတယ်.......


တစ်နေ့မှာ ကောင်မလေးတစ်ယောက်ဟာ သူ့မိဘတွေပေးစားတဲ့ ချမ်းသာတဲ့အိမ်ကကောင်လေးနဲ့ လက်ထပ်လိုက်ရတယ်

ကောင်လေးက မြေခွေးမျိုးနွယ်ဖြစ်ပြီးတော့ သာမန်ချိန်တွေဆိုမျက်စိမမြင်ရဘဲ လရောင်အောက်မှာသာမြင်ရတယ်......
သူတို့၂ယောက်ဟာ မြင်မြင်ချင်းချစ်မိသွားကြပြီး ဘဝဆက်တိုင်းမှာလဲ ကောင်လေးကကောင်မလေးကို လိုက်ရှာကာ မြင်မြင်ချင်းချစ်မိခဲ့ကြတယ်......
ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီး ယခုခေတ်ကိုရောက်လာတော့လဲ ကောင်လေးက ကောင်မလေးကိုရှာပြန်တယ်။ဒါပေမဲ့ ကောင်မလေးက အရင်ကလို မြင်မြင်ချင်းမချစ်မိတဲ့အပြင် ချစ်သူပါရှိနေသေးတော့......
ဘာတွေဆက်ဖြစ်မှာလဲ?
သူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့အခါမှာအရင်လိုပဲပြန်ချစ်နိုင်ဦးမလားဆိုတာတော့ ??



























END



Comments