An Eye For An Eye (2021)



JPB Group ရဲ့   CEO တစ်ယောက် လေယာဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားရပြီး သူနဲ့အတူပါသွားတဲ့ သမီးဖြစ်သူမှာတော့  ဆေးရုံမှာ မေ့မြောနေခဲ့ပါတယ်

ဒီအချိန်မှာပဲ  CEO ရဲ့ ဒုတိယဇနီး  Getsara  ဟာ ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့ပြီး  အရင်CEO ရဲ့ သမီးဖြစ်သူ Meiteneeက သူ့အဖေကို Getsara   သတ်ပြီး သူတို့မိသားစုပိုင် ဥစ္စာတွေကို အပိုင်စီးချင်တယ်လို့ ထင်မှတ်တာကြောင့် အမျိုးစုံ နှောင့်ယှက်ပါတယ် 

Meiteneeရဲ့ မောင်နှစ်ယောက်မှာ Gump  က ပျော်ပါးဖို့ပဲ သိပြီး  Getsara  နဲ့ ရင်းနှီးတဲ့ Wayu ကတော့ သားလိမ္မာလေးပါ 

သူတို့ မောင်နှမ ၃ ယောက်ဟာ သူတို့ အဖေကို Getsara   သတ်တယ်လို့ သံသယရှိနေတာကြောင့်  Wayu ကို Getsara   နားမှာနေခိုင်းပြီး  အကြောင်းရင်းမှန်ရ‌အောင် ရှာခိုင်းခဲ့ပါတယ် 

Getsara  နဲ့Wayu က အနေနီးလို့ သံယောဇဉ်တွေ တွယ်သွားလေမလား

Getsara  ငယ်ဘဝတုန်းက  Getsara   အတွက် အရာရာပေးဆပ်ပြီးမှ Getsara  ထားတာ ခံသွားရတဲ့ ငယ်ရည်းစား Pas ကရော မကျေနပ်ချက်တွေနဲ့ ဘယ်လို Getsara  ကို အရ ပြန်ယူမလဲ 

မတော်တဆဆုံခဲ့ပြီး ဦးလေးဖြစ်သူစေခိုင်းချက်ကြောင့်  တဖန်ပြန်ဆုံခဲ့ရတဲ့  Nuenjai နဲ့ Wayu တို့ ဇာတ်လမ်းကရော ဘယ်လို ဖြစ်လာလေမလဲ 

အစရှိတဲ့  ဒွမ်မာပေါင်းတစ်သိန်းကို ဒီဇာတ်လမ်းမှာ ကြည့်ရှုနိုင်မှာပါ


Review&Subtitles by Dream

Drama's Paradise


Telegram Channel

Download  Link

Episode 1 

Episode 2(1080p/Episode 2 (720p)/Episode  2(480p)



Comments